Far East Organization
singapore townhouse

အာရှပစိဖိတ်ဒေသတလွှား ၂၀၁၁ ၏ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု
အကျိုးအမြတ်အဖြစ်ဆုံး ဈေးကွက် “စင်ကာပူ”

နှစ်ပေါင်း၅၀ကျော် အတွေ့ အကြုံများနှင့်အတူ Far East အဖွဲ့ အစည်းသည် ဟောင်ကောင်နိုင်ငံတွင် အခြေစိုက်သော မောင်နှမ ကုမ္ပဏီ Sino Group (အာရှဒေသတွင် အကြီးဆုံး ရင်းနှီးမြှုပ်နှံထားသော အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း) နှင့်ပူးပေါင်း၍ အုပ်စုတစ်ခုအနေနှင့် တည်ရှိသည်။ Far East အဖွဲ့ အစည်းနှင့် Sino Group ပူးပေါင်း၍ နှစ်စဉ် နှုန်းထား အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံနှင့် စုစုပေါင်းပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံကျော် ရှိပါသည်။ ကမ္ဘာတစ်ဝှမ်း၌ Far East အဖွဲ့ အစည်းနှင့် Sino Group တို.ဧ။် ၀န်ထမ်း အရေအတွက်သည် ၁၃,၀၀၀ ခန့် ရှိနေပါသည်။ စင်ကာပူနိုင်ငံ၌ အိမ်ခြံမြေရောင်းဝယ်ရေး အကြီးဆုံး ပြုလုပ်နေသော Far East အဖွဲ့ အစည်းသည် လူနေအိမ်ခြေများ၊ ၀န်ဆောင်မှု ဆိုင်ရာလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ၊ စက်မှုဇုံပိုင်းဆိုင်ရာ အဆောက်အဦး တည်ဆောက်ရေးလုပ်ငန်းကြီးများ ၇၀၀ကျော် တည်ဆောက်ခြဲ့ပီးဖြစ်သည်။ ထိုသို့သော ပိုင်ဆိုင်မှုများအပြင် အကြီးမားဆုံးဝန်ဆောင်မှုများကို ပြုလုပ်ပေးနေသည့် အာရှနိုင်ငံပေါင်းစုံရှိ ရုံးအဖွဲ့ အစည်းများစွာဖြင့် စုစည်းထားသော ပင်မအဖွဲ့ အစည်း တစ်ခုလည်းဖြစ်ပါသည်။

  • စင်ကာပူနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု၏ ပိုင်ဆိုင်မှု အကျိုးအမြတ်များ

    • - စင်ကာပူနိုင်ငံသည် အာရှနိုင်ငံများတွင် မြင့်မားသောစီးပွားရေး အရှိန်အဟုန်မြင့် တိုးတတ်နေသော တိုင်းပြည်တစ်ခုဖြစ်ခြင်း
      - ခိုင်မာ၍အားကောင်းသော စီးပွားရေးဆိုင်ရာအုတ်မြစ်များရှိခြင်း
      - နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေးနှင့် နိုင်ငံရေးတို့ ကို ကောင်းမွန်စွာ ထိန်းသိမ်း ကိုင်တွယ်နိုင်ခြင်း
      - စီးပွားရေးအချက်အချာကျသောနေရာ၌တည်ရှိခြင်းအပြင် အာရှ၏ အဓိကနိုင်ငံများနှင့် နီးကပ်စွာတည်ရှိခြင်း
      - မြင့်မားသော လူနေမှုပတ်ဝန်းကျင်ရှိခြင်း
      - Urban Land တက္ကသိုလ် နှင့် Pricewaterhouse Coopers တို့ ၏ မဲပေးရွေးချယ်ဆုံးဖြတ်မှုအရ အာရှတလွှား ၂၀၁၁ ၏ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်သင့်သော နေရာဖြစ်ခြင်း
      - နိုင်ငံခြားသားများ၏ ကွန်ဒိုမီနီယံနှင့် တိုက်ခန်းများပိုင်ဆိုင်မှုအတွက် ထိန်းချုပ်ထားသော ဥပဒေများနှင့် တင်းကြပ်သော စည်းမျဉ်းများမရှိခြင်း
      - လစာငွေပေါ်မှအခွန်ပေးဆောင်ရခြင်း၊ ပိုင်ဆိုင်မှုအပေါ်အခွန်ပေးဆောင်ရခြင်း၊ မိမိပိုင်ဆိုင်မှုကို ရောင်းချရာမှ ရရှိသောငွေကြေးကိုအခွန်ပေးဆောင်ရခြင်းများ မရှိခြင်း
      - အရစ်ကျပေးဆောင်ရမည့် နိုင်ငံခြားသားများအတွက် ချေးငွေ ပမာဏမှာ ၇၀%သာရှိခြင်း
      - အတိုးနှုန်း ၂%ထက်လျော့နည်းခြင်း
      - ဌားရမ်းခြင်းအကျိုးအမြတ်သည် ချေးငွေပမာဏအတိုးနှုန်းထက်ပိုများခြင်း
      - ရင်းနှီးမြှုပ်နှံမှုကိုထုခွဲရန် အခြားသောဈေးကွက်အဆင်သင့်ရှိနေခြင်း
      - အိမ်ဝယ်သူဘက်မှ ကာကွယ်ပေးသော ဥပဒေနှင့်စည်းမျဉ်းများရှိနေခြင်း

  • မြန်မာနိုင်ငံသားဝန်ဆောင်မှု အဖွဲ့ အစည်း

    • စင်ကာပူနိုင်ငံတွင် ပုဂ္ဂလိကပိုင်ဆိုင်မှုများ၏ ၂၆%မှာ နိုင်ငံခြားသားများဖြစ်ကြသည်။ Far East အဖွဲ့ အစည်းသည် စင်ကာပူနိုင်ငံတွင်နေထိုင်၍ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသော နိုင်ငံခြားသားများအတွက် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သော အကြံများကို ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံသား အိမ်ခြံမြေ ရောင်းဝယ်ရေး အဖွဲ့ အစည်းကို သီးသန့် ဖွဲ့ စည်း ပေးထားသည့် တစ်ခုတည်းသော အဖွဲ့ အစည်းဖြစ်သည်။

  • အဖွဲ့ အစည်းအနေဖြင့် ၀န်ဆောင်မှုများတွင် ပါဝင်သည့်အချက်များ -

    • - ရင်းနှီးမြှုပ်နှံမှုအတွက် ပိုမိုအဆင်ပြေချောမွေ့ စေမည့် လေ့လာရေးဝန်ဆောင်မှု
      - ဘဏ်ချေးငွေနှင့် အိမ်ခြံမြေ၀ယ်ယူ လုပ်ငန်းစဉ်များအတွက် ပိုမိုလွယ်ကူအဆင်ပြေစေသော ၀န်ဆောင်မှု
      - သတင်းအချက်အလက်များစုဆောင်းပေးခြင်း၊ ကျောင်းပြောင်းရွေ့ ခြင်းနှင့် မိသားစုပြောင်းရွေ့ ရေးအတွက် ကုမ္ပဏီအနေနှင့် ဆက်သွယ်ပေးသော ၀န်ဆောင်မှု
      - ရောင်းချပြီးနောက်ပိုင်း ပြုလုပ်ပေးသော ၀န်ဆောင်မှု

  • စင်ကာပူနိုင်ငံရှိ ရထားဘူတာလိုင်းများနှင့် အချက်အချာနေရာများ၏ လမ်းညွှန်မြေပုံ (စင်ကာပူနိုင်ငံမြေပုံ)

    • map
  • ရင်းနှီးမြှုပ်နှံသူများ အတွက် အကောင်းဆုံး နေရာများ

    • Marina Bay: ဘဏ္ဍာရေးနှင့်ဆိုင်ရာ အချက်အချာဒေသနှင့် မြို့ တော်သစ် စင်ကာပူနိုင်ငံ တောင်ဘက်အစွန်းတွင်တည်ရှိပြီး ၃၆၀ ဟက်ကာကျယ်ဝန်းသော မျက်စိတစ်ဆုံး ချဲ့ ထွင်ထားသည်။ အာရှ၏ အချက်အချာ စီးပွားရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာနေရာ ဖြစ်သည့်အပြင် တိုင်းပြည်၏ အာဏာပိုင်အဖွဲ့ အစည်း အခြားသော ပံပိုးကူညီမှုများကိုလည်း အနာဂတ်တွင် ဆောင်ရွက်ပေးမည့် နေရာဖြစ်သည်။ ကမ္ဘာတလွှားတွင်ရှိသော အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမည့်သူ များကိုလည်း သံလိုက်စက်ကွင်း ကဲ့သို့ ဆွဲယူနိုင်သည့်အပြင် အဓိကနေရာကောင်း၌ ပင်မကုမ္ပဏီ ရုံးခန်းကြီးများ ဖွင့်လှစ်နိုင်လောက်သော နေရာလည်းဖြစ်သည်။ အိမ်ခြံရင်းနှီးမြှုပ်နှံမှု ပမာဏကို ၂၀၀ ဘီလီယံ စင်ကာပူဒေါ်လာ အထက် ရည်မှန်း ထားသော နေရာလည်း ဖြစ်သည်။

      East Coast: စင်ကာပူနိုင်ငံ၏ နှစ်သက်ဖွယ်အကောင်းဆုံး ကမ်းခြေ အချက်အချာ ဧရိယာ စင်ကာပူနိုင်ငံ အရှေ့ တောင်ပိုင်းတွင် တည်ရှိသည့် စင်ကာပူ နိုင်ငံသားများနှင့် နိုင်ငံခြားသားများ နေထိုင်ရန် နှစ်သက်သော ပင်လယ် ကမ်းခြေဒေသ ဖြစ်သည်။ အဓိကအားဖြင့် East Coast ပန်းခြံဖြစ်ပြီး ၁၈၅ ဟက်ကာခန့်  ကျယ်ဝန်း၍ ၂၀ ကီလိုမီတာ ရှည်လျားသော သဲသောင်ပြင် လည်း ရှိသည်။ စိတ်အပန်းဖြေနည်းမျိုးစုံ၊ အားကစား လေ့ကျင့်မှုမျိုးစုံအပြင် နံမည်ကြီး စားသောက်ဆိုင်များ လည်း ရှိနေသည့် အတွက် နေထိုင်မည့် သူများအား ဘက်ပေါင်းစုံမှ နှစ်ရှည် နေထိုင်ရန် အကောင်းဆုံး နေရာ အဖြစ် ပံပိုးပေးမည် ဖြစ်သည်။

      Orchard Road: စင်ကာပူနိုင်ငံ၏ Champs-Élysées အာရှ၏ လူသိအများဆုံးသော ကုန်တိုက်ကြီးများနှင့် ဖျော်ဖြေတင်ဆက်မှုမြောက်များစွာ ရှိသော လမ်းမကြီး ဖြစ်သည့် အပြင် စင်ကာပူနိုင်ငံ၏ လူကြိုက်အများဆုံး လူနေအိမ်ယာ များလည်း တည်ရှိသည်။ ၁.၁ ဘီလီယံ အမေရိကန်ဒေါ်လာ အကုန်အကျခံ တည်ဆောက်ခဲ့ပြီး အာရှတစ်ဝှမ်းရှိ နိုင်ငံအသီးသီးမှ အဓိကဖက်ရှင် ဒီဇိုင်းများအား စတိုင်မျိုးစုံ၊ အကြံဥာဏ်မျိုးစုံဖြင့် ဖက်ရှင် နိဗ္ဗာန်အလား အလွန်တရာ လှပခန်းနား စွာဖြင့် ပြင်ဆင်မှုများ ပြုလုပ်ထားသည်။

      Paya Lebar: စင်ကာပူနိုင်ငံ အရှေ့ ပိုင်းရှိ အသစ်မွေးဖွားလာသော ကြယ်တစ်ပွင့် စင်ကာပူအစိုးရမှ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံထားသော စီးပွားရေးဇုံဖြစ်သည့်အပြင် Paya Lebar Central တည်ဆောက်ရန် စီမံကိန်း ဖြင့် ဆောင်ရွက်နေပြီဖြစ်သည်။ အဓိက စီမံကိန်းအနေဖြင့် မြေဧရိယာဧ။် ၁၂ ဟက်တခန့် အား ရုံးခန်း၊ ဟိုတယ်၊ အရောင်းခန်းမ များ ပြုလုပ်ရန် ရာထားသဖြင့် အလုပ်နှင့် အိမ်နီးသော အဆင်ပြေ ချောမွေ့ မှုကို ရရှိမည်ဖြစ်သည်။ ၁၀မိနစ်ခန့်  ကားဖြင့်သွားနိုင်သော အကွာအဝေးတွင် ရှိသည့်အပြင် အဓိက အဝေးပြေး ကားလမ်းမကြီးနှင့်လည်း ဆက်သွယ် ထားသည်။ မကြာမီ ဆောက်လုပ်ပြီးစီးမည့် မြို့ တော်သစ်မှ ရထားလိုင်း အမှတ် ၃ (East-West ရထားလိုင်း) နှင့် ဆုံရာနေရာ ဖြစ်လာမည်ဖြစ်၍ လမ်းပန်းဆက်သွယ်ရေးလည်း ပိုမို၍ အဆင်ပြေ ချောမွေ့  လာမည်ဖြစ်သည်။ Paya Lebar ရထားဘူတာမှလဲ Circle လိုင်းနှင့် East-West ရထားလိုင်းတို့ ဆုံရာ ရထားပြောင်း၍ စီးနိုင်သော ဘူတာအဖြစ် ဖြစ်ပေါ် လာမည်ဖြစ်သည်။ အနီး အနားတွင် ရှိသော Geylang Riverfront မှာလည်း မကြာမီ အချိန်အတွင်း ဖွင့်လှစ်မည်ဖြစ်သဖြင့် ပြည်သူများ အတွက် အပန်းဖြေစရာ နေရာတစ်ခု အနေဖြင့် အနာဂါတ်တွင် ထွက်ပေါ်လာမည့် ပေါင်းစည်းမှုတစ်ခုအနေဖြင့် မြင်တွေ့ နိုင်မည် ဖြစ်သည်။